Share the message

ကလေးငယ်တွေမှာဖြစ်တတ်တဲ့ ဝမ်းချူပ်ခြင်း

 

 

မစင်ဆိုတာ အနံ့ဆိုးတဲ့အပြင် ညစ်ပတ်တဲ့အတွက် လူအများစုကရှောင်ကြဉ်ကြတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကလေးငယ်တွေရဲ့ မိဘတွေကတော့ သူတို့ကလေးရဲ့ မစင်ကို နေ့စဉ်ကြည့်ရှုနေဖို့လိုအပ်ပါတယ်။ မိဘတွေက ကလေးငယ်တွေရဲ့ ဝမ်းသွားပုံအမူအကျင့်တွေကို စိုးရိမ်သကဲ့သို့ ဝမ်းချူပ်ခြင်း နှင့် သန့်စင်ခန်းအလေ့အထတွေကိုပါ စိုးရိမ်သင့်ပါတယ်။

ပုံမှန်မစင်ဆိုတာ ဘာကို ဆိုလိုပါသလဲ? မိဘတွေကြားထဲမှာ ကွဲပြားတဲ့နားလည်မှုတွေရှိနေတတ်ကြပါတယ်။ ကလေးငယ်ကို ကာကွယ်ဆေးထိုးဖို့ ခေါ်သွားတဲ့အခါ မိဘတွေအနေနဲ့ ဆရာဝန်ကို မစင်အမျိုးအစားခွဲခြားတဲ့ဇယားကို ပြသဖို့ တောင်းဆိုသင့်ပါတယ်။ အဆိုပါ ဇယားမှာဆိုရင် အသက်အရွယ်အလိုက် ပုံမှန်မစင်က ဘယ်လိုမျိုး ကွာခြားသလဲဆိုတာကို ဖော်ပြထားပါတယ်။ ကလေးငယ်က ၆ လအောက်ပဲ ရှိနေသေးပြီး မိခင်နို့ကိုပဲ တိုက်ကျွေးနေသေးတယ်ဆိုရင် မစင်က အရည် (သို့) အရည်ပျော့ပျော့ဖြစ်နေခြင်းက ပုံမှန်ပါ။ ကလေးငယ်က ၆ လအရွယ်မှာ ဖြည့်စွက်စာတွေကို စတင်စားသုံးနေပြီဆိုရင်တော့ မစင်က cream ဖြစ်နေတာက ပုံမှန်ပါ။ မာတော့ မာဦးမှာမဟုတ်ပါဘူး။

ဒါပေမယ့် ၂ နှစ်အောက်ကလေးငယ်တစ်ယောက်က မစင်ကို သွားတိုက်ဆေးညှစ်ထားသလိုမျိုး မာကျောတဲ့မစင်ကို စွန့်ထုတ်ခြင်းက ပုံမှန်မဟုတ်ပါဘူး။ အခုဖြစ်ရပ်မှာ ကလေးငယ်က သူ (သို့) သူမရဲ့ ဝမ်းကို ရှင်းထုတ်ဖို့ ငြင်းဆန်ရာကနေ မစင်ဟာ အူမကြီးကို ထိခိုက်စေတာဖြစ်ပါတယ်။ အဲ့ဒါက ဝမ်းချူပ်ခြင်းရဲ့ လက္ခဏာတစ်ခုလည်း ဖြစ်ပါတယ်။

ဝမ်းချူပ်ခြင်း ဆိုတာဘာလဲ? အချို့သော ကလေးငယ်တွေက ပျော့ပြောင်းတဲ့ မစင်ကို တစ်နေ့ကို ၂ ကြိမ်စွန့်ထုတ်ပါတယ်။ တချို့သောကလေးငယ်တွေကလည်း သူတို့ရဲ့ ဝမ်းကို နေ့စဉ် (သို့) တစ်ရက်ကို ၂ ကြိမ်ရှင်းပါတယ်။ ဝမ်းချူပ်ခြင်းကို လက္ခဏာတွေအရရော၊ မစင်ပမာဏအရရော ခွဲခြားနိုင်ပါတယ်။

ဝမ်းသွားခြင်းက ကလေးငယ်တွေမှာ ပုံမှန်အားဖြင့် နေ့စဉ် (သို့) တစ်ပတ်ကို ၃ ကြိမ်သွားလေ့ရှိပါတယ်။ ပုံမှန်အားဖြင့် တစ်ပတ်ကို ၂ ကြိမ် နဲ့ ၂ ကြိမ်အောက် ဝမ်းသွားခြင်းက ဝမ်းချူပ်ခြင်းရဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။ အကယ်၍ ကလေးငယ်က မစင်ကို များများနဲ့ အခက်အခဲမရှိပဲ၂ ရက် တစ်ကြိမ်သွားတယ်ဆိုရင် အဲ့ဒါက ကလေးငယ်မှာ ဝမ်းချူပ်တယ်လို့ သတ်မှတ်လို့မရပါဘူး။ အဲ့ဒါက မစင်က ကလေးငယ်ရဲ့ အူမကြီးအတွင်းမှာ ဆက်မထိန်းနိုင်တော့တဲ့အထိ ရှိနေတာလို့ သတ်မှတ်လို့ရပါတယ်။ တကယ်လို့ ကလေးငယ်က သူရဲ့ ဝမ်းဗိုက်ကို အဲ့ဒီလိုအချိန်မျိုးမှာ ရှင်းလိုက်တယ်ဆိုရင် ပထမအပိုင်းက မာနေမှာဖြစ်ပြီးတော့ ကျန်အပိုင်းကတော့ ပျော့ပြောင်းနေမှာဖြစ်ပါတယ်။ အကယ်၍ ဝမ်းသွားရခြင်းက ခက်ခဲနေတယ် (သို့) နာကျင်နေတယ်ဆိုရင် ကလေးငယ်ကို အိမ်သာသွားခြင်းမှ ၂ ရက်ကနေ ၃ရက်အထိ ထိန်းထားဖို့ လိုမှာဖြစ်ပါတယ်။ မစင်ကို အူမကြီးထဲမှာ ရှိနေစေပြီးတော့ ထိန်းထားလို့မရတော့တဲ့အထိ ရောက်အောငေ္နရမှာဖြစ်ပါတယ်။ ဒါကြောင့် မိဘတွေဟာ သူတို့ရဲ့ ကလေးတွေကို ဝမ်းချူပ်ခြင်းမရှိအောင်လို့ ဝမ်းသွားတဲ့အလေ့အကျင့်တွေကို စောင့်ကြည့်ဖို့ လိုအပ်မှာပါ။

အကယ်၍ ကလေးငယ်က မစင်ကို ပုံမှန်စွန့်ပစ်နေပေမယ့် သာမန်ထက် မာကျောပြီးတော့ နည်းနည်းပဲ စွန့်ပစ်တာဆိုရင် ဒါဟာ ဝမ်းချူပ်နေတဲ့လက္ခဏာတစ်ခုဖြစ်နိုင်ပါတယ်။ အူမကြီးက အလွန်ရှည်လျားပြီးတော့ မစင်ကို ပမာဏအများကြီး သိုလှောင်ထားနိုင်ပါတယ်။ အကယ်၍ ကလေးငယ်က မာကျောတဲ့မစင်ကို စွန့်ပစ်ပေမယ့် အရေအတွက် အနည်းငယ်ပဲ စွန့်တယ်ဆိုရင် ဒါဟာ အူမကြီးထဲမှာ မစင်တွေကျန်နေသေးပြီး အပြင်ကိုထွက်မလာတာပဲဖြစ်ပါတယ်။ အဲ့ဒါကဘာနဲ့တူလဲဆိုရင် ကျောက်တုံးတွေက တစ်ဆင့်ပြီးတစ်ဆင့်အပေါ်မှာထပ်နေရင်းနဲ့ အရမ်းကို မြင့်လာတဲ့အချိန်မှာ ကျောက်တုံးတွေက ပြိုကျတာနဲ့တူပါတယ်။

ကလေးငယ်တွေမှာ ဝမ်းချူပ်ခြင်းက အရမ်းဆိုးဝါးတဲ့အခြေအနေတစ်ခုမဟုတ်ပါဘူး။ များသောအားဖြင့်တော့ ဝမ်းချူပ်ခြင်းက အမူအကျင့်ဆိုင်ရာ ပြဿနာတွေကြောင့်အဖြစ်များပါတယ်။ ဘာပဲဖြစ်ဖြစ် မိဘတွေအနေနဲ့ ဒါကို မကုသပဲမထားသင့်ပါဘူး။ ရေရှည်ဝမ်းချူပ်ခြင်းက စိတ်ပိုင်းဆိုင်ရာ နဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကိုဖြစ်ပွားစေပါတယ်။ ဒါပေမယ့် မိဘတွေက ဝမ်းပျော့ဆေး၊ ဝမ်းချူတောင့်ဆေးတွေကို ကျွမ်းကျင်တဲ့ကျန်းမာရေးဝန်ထမ်းရဲ့ အကြံပြုချက်မရှိပဲ မဝယ်ယူသင့်ပါဘူး။ ဘာကြောင့်လဲဆိုရင် သူတို့က ဘေးထွက်ဆိုးကျိုးတွေရှိနေနိုင်ပါတယ်။ ကလေးငယ်ကို ဆရာဝန်ဆီကို ခေါ်သွားပြီး ပြသခြင်းက အပြုလုပ်သင့်ဆုံးအရာတစ်ခုပါ။

မစင်က အူမကြီးအတွင်းမှာ ရှိနေသောကြောင့်ဝမ်းဗိုက်ပိုင်း သက်တောင့်သက်သာမရှိစေခြင်း နဲ့ မစင်ခံနေတဲ့အတွက် အော့အန်နေတဲ့အချိန်မှာ Enema ကိုအသုံးပြုခြင်းဖြစ်ပါတယ်။ တကယ်ကို သင့်တော်ပြီးတော့ တိကျဖို့က အရမ်းကို အရေးကြီးပါတယ်။ ဥပမာအားဖြင့် ဆေးပေးတဲ့သူဟာ ကလေးရဲ့ စအိုကို နာကျင်အောင်မလုပ်ရပါဘူး။ Enema ကို ဝယ်ယူတဲ့မိဘတွေက သူတို့ရဲ့ ကလေးငယ်တွေကို မှားယွင်းတဲ့ဆေးပမာဏမပေးမိဖို့ အရေးကြီးပါတယ်။ Enema တွေကို သုံးစွဲခြင်းက ကလေးငယ်တွေကို နာကျင်စေပါတယ်။ ကလေးငယ်အများစုက သူတို့ရဲ့ စအိုဝအတွင်းကို အခုလိုဆေးထည့်သွင်းခြင်းကို မကြိုက်တဲ့အတွက် သူတို့ရဲ့ မိဘတွေက တင်းတင်းဆုပ်ကိုင်ထားဖို့ လိုအပ်ပါတယ်။ ယခုလိုပြုလုပ်ခြင်းက ကြောက်စိတ်နဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ဖြစ်ပွားစေတတ်ပါတယ်။

Laxatives တွေကတော့ ဘေးထွက်ဆိုးကျိုးရှိနိုင်တဲ့အတွက် အချို့အခြေအနေတွေ နဲ့ တိကျတဲ့အချိန်ကာလတစ်ခုမှာပဲ အသုံးပြုရမှာဖြစ်ပါတယ်။ ဝမ်းချူပ်ခြင်းက စိတ်လှုပ်ရှားမှု၊ စိတ်ပိုင်းဆိုင်ရာ နဲ့ ကိုယ်ခန္ဓာမှာ ရောဂါလက္ခဏာတွေဖြစ်နေနိုင်တဲ့အတွက် ကုသရခက်ခဲနိုင်ပါတယ်။ မကုသရသေးတဲ့ ဝမ်းချူပ်ခြင်းက ကြာရှည်တဲ့ကုသချိန်လိုအပ်ပြီးတော့ ၃ လမှ ၆လအထိ (သို့) အချို့ကလေးငယ်တွေမှာ နှစ်နဲ့ချီပြီး ကြာနိုင်ပါတယ်။ ဆေးဝါးတွေကလည်း အချိန်ပေါ်မှုတည်ပြီး ချိန်ညှိဖို့ (သို့) ပြောင်းလဲဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် မိဘတွေအနေနဲ့ ဆေးကောင်တာမှာပဲ ဆေးဝယ်ယူတာမျိုး မလုပ်သင့်ပါဘူး။ အထူးသဖြင့် ၆ နှစ်အောက် ကလေးငယ်တွေအတွက်ဖြစ်ပါတယ်။ ဆေးဝန်ထမ်းတွေကလည်း ကျွမ်းကျင်ပညာရှင်တွေဖြစ်ပေမယ့် သူတို့က ဆရာဝန်တွေလိုမျိုး လူနာရဲ့ သတင်းအချက်အလက်တွေကို အကုန်သိရှိနားလည်မှာမဟုတ်ပါဘူး။ ဥပမာအားဖြင့် သောက်သုံးခဲ့တဲ့ ဆေးတွေရဲ့ ကြာချိန်၊ ဆေးအပေါ်ခုခံအား နဲ့ အခြားသော ဓါတ်ပြုမှုတွေ နဲ့ အဆိပ်အတောက်ဖြစ်စေမှုတွေကြောင့် အတူယှဉ်ပြီးမသောက်သင့်တဲ့ဆေးများပေးခြင်းတို့ဖြစ်ပါတယ်။

Enema ဖြစ်စေ၊ Laxatives ဖြစ်စေ ထိုဆေးဝါးတွေကိုအသုံးပြုခြင်းက မှန်ကန်တဲ့လုပ်ရပ်မဟုတ်ပါဘူး။ မိဘတွေအနေနဲ့ ကလေးငယ်တွေရဲ့ ဝမ်းသွားတဲ့အလေ့အထတွေကို လေ့လာရပါမယ်။ ဒါ့အပြင် ဝမ်းသွားတဲ့အလေ့အကျင့်ကိုပါ အောက်ပါနည်းလမ်းတွေအတိုင်း လေ့ကျင့်ပေးသင့်ပါတယ်။

  1. ကလေးငယ်ရဲ့ ဘယ်ဘက် တင်ပဆုံရိုးအပေါ်ကို ဖိလိုက်ပြီး မစင်တုံးက အူမကြီးမှာရှိနေသလားဆိုတာကို စစ်ဆေးပါ။ အကယ်၍ မစင်က မာကျောနေပြီး ဖိလိုက်ရုံနဲ့ ရွှေ့လို့ရတယ်ဆိုရင် အဲ့ဒါက မစင်က အူမကြီးအတွင်းထဲမှာ ရှိနေတာကြာပြီဖြစ်ပါတယ်။ ဒီလိုဆိုရင်တော့ ဖယ်ထုတ်ဖို့လိုအပ်မှာဖြစ်ပါတယ်။
  2. စအိုပေါက်ထိပ်နားမှာ နာကျင်မှုကိုဖြစ်စေတဲ့ အက်ကွဲနာများ၊ သေးငယ်တဲ့အသားပိုများ ရှိမရှိကို စစ်ဆေးပါ။ အကယ်၍ နာကျင်မှုကိုဖြစ်စေတဲ့ အက်ကွဲနာရှိနေခဲ့ရင် Antibiotic Cream (သို့) Vaseline လိုမျိုး လိမ်းဆေးတွေကို ဝမ်းသွားရင်မနာကျင်စေဖို့အတွက် လိမ်းထားဖို့လိုအပ်မှာဖြစ်ပါတယ်။
  3. သင့်ကလေးကို နည်းလမ်းမှန်နဲ့ အိမ်သာတက်တတ်ဖို့ တွန်းအားပေးပါ။ ကလေးက ပုံမှန် အိမ်သာ အရွယ်အစားမှာ ခြေထောက်နှစ်ချောင်းလုံး ကြမ်းပြင်ပေါ်ကိုထိထားဖို့ လိုအပ်မှာဖြစ်ပြီး ဒူးခေါင်းတွေကို တင်ပါးထက်မြင့်အောင်ထားရမှာဖြစ်ပါတယ်။ ဒါ့အပြင် ကလေးငယ်က အရှေ့ကို အနည်းငယ်ကွေးညွတ်ထားဖို့ လိုအပ်မှာလည်းဖြစ်ပါတယ်။ တင်ပါးရဲ့အနေအထားကိုလည်း ဝမ်းသွားတဲ့နေရာမှာ လွယ်ကူစေဖို့ အတွက် အပေါ်ကိုမြောက်ထားဖို့လိုအပ်ပါတယ်။ ကလေးငယ်တွေအတွက် အထူးပြုလုပ်ထားတဲ့ အိမ်သာထိုင်ခုံတွေက Samitivej ဆေးရုံမှာ ဝယ်ယူရရှိနိုင်ပါတယ်။ ဒီအိမ်သာထိုင်ခုံတွေက အိမ်မှာလည်း အသုံးပြုနိုင်ပြီးတော့ အဆိုပါ ထိုင်ခုံလေးတွေက ကလေးငယ်ရဲ့ ခြေထောက်က ကြမ်းပြင်ကိုထိလို့မရခဲ့ရင် အသုံးပြုလို့ရနိုင်တာဖြစ်ပါတယ်။ အိမ်သာတက်ဖို့အတွက်ကတော့ မနက်တိုင်း မနက်စာစားပြီး ၁၅ မိနစ်ကနေ မိနစ် ၃၀ အတွင်းက အကောင်းဆုံးဖြစ်ပါတယ်။ အူမကြီးကို ခေါက်ပြီး ညစ်အားက မနက်ပိုင်းအချိန်မှာ ပြင်းထန်နေတတ်တာဖြစ်တဲ့အတွက် မစင်ကို စွန့်ထုတ်ဖို့ ပိုပြီးလွယ်ကူပါတယ်။
  4. ကလေးငယ်အပေါ်ကို တအား ဖိအားမပေးပါနဲ့။ ဖိအားပေးခြင်းက သူတို့ အိမ်သာတက်ရတာကို ကြောက်လန့်စေပါတယ်။ မိဘတွေက ကလေးငယ်တွေကို အိမ်သာသွားနိုင်ဖို့ကို လေ့ကျင့်ပေးပြီး ချက်ချင်းလက်ငင်း မျှော်လင့်ချက်ကြီးကြီးမားမားမရှိသင့်ပါဘူး။ ကလေးငယ်တွေ သင်ယူတတ်မြောက်နိုင်ဖို့အတွက် အချိန်အနည်းငယ်လိုအပ်ပါတယ်။ ဒီအတွက် ကလေးငယ်တွေကို စိတ်ရှည်ပေးပြီး ဖိအားပေးတဲ့စကားလုံးတွေမပြောမိပါစေနဲ့။ အိမ်သာတက်ဖို့ လေ့ကျင့်ပေးခြင်းက ၁ ရက်၊ ၂ ရက်တည်းနဲ့ ရရှိလာမှာမဟုတ်ပဲ တခါတလေ လနဲ့ချီပြီးကြာတတ်ပါတယ်။
  5. ကလေးငယ်ရဲ့ မစင်ကို ပျော့ပြောင်းနိုင်စေတာကတော့
    • လိမ္မော်ရည် (သို့) ဆီးသီးဖျော်ရည်သောက်သုံးခြင်း
    • ရေကိုလုံလောက်စွာသောက်သုံးခြင်း
    •  အမျှင်ဓါတ်အတွက် အသီးနဲ့ ဟင်းသီးဟင်းရွက်များကို စားသုံးခြင်း
    • နွားနို့ကိုလုံလောက်စွာသောက်သုံးခြင်း၊ အသက် ၁ နှစ်နဲ့ အထက်ရှိနေတဲ့ကလေးငယ်များအနေနဲ့ တစ်ရက်ကို ၃ ကြိမ်စားမယ်ဆိုရင် တစ်ရက်ကို ၂၄ ကနေ ၃၀ အောင်စ နွားနို့သောက်သုံးခြင်း (သို့) အစားစားပြီးတိုင်း ၈ အောင်စ သောက်သုံးသင့်ပါတယ်။
    • ပျော်ဝင်လွယ်တဲ့အမျှင်ဓါတ်တွေပါဝင်တဲ့ နွားနို့သောက်သုံးခြင်းက အူမကြီးထဲမှာရှိနေတဲ့ ကျန်းမာသောဘက်တီးရီယားတွေကို အစားကျွေးပေးပြီး ဝမ်းကို ပျော့စေပါတယ်။ ယခု Prebiotics တွေက ကလေးငယ်တွေအတွက် နို့ထွက်ပစ္စည်းတွေမှာ အရေးပါပါတယ်။

နောက်ဆုံးအချက်အနေနဲ့ကတော့ ကလေးငယ်တွေအတွက် ကျန်းမာတဲ့ အစားအစာအစီအစဉ်တွေကို ကျန်းမာတဲ့ဝမ်းသွားခြင်းအတွက် ဖန်တီးခြင်းက အမြဲတမ်းမလွယ်ကူပါဘူး။ သို့ပေမယ့် အရမ်းလည်း မခက်ခဲပါဘူး။ ဝမ်းချူပ်ခြင်းရောဂါက ကာကွယ်နိုင်ပါတယ်။ ကလေးငယ်တစ်ဦးရဲ့ မိခင်က မစင်က မာကျောနေခြင်း (သို့) ပုံမှန်မဟုတ်တဲ့ ဝမ်းသွားမှုတွေကို မကုသပဲမနေသင့်ပါဘူး။ ငယ်ရွယ်စဉ်မှာ ဝမ်းချူပ်ခြင်းကို ကုသဖို့က အရေးကြီးပါတယ်။ ရေရှည်ဝမ်းချူပ်ခြင်းတွေက သက်သာပျောက်ကင်းစေဖို့အတွက် လုံလောက်တဲ့ ကုသချိန်တစ်ခုကို ပေးရမှာဖြစ်ပါတယ်။ သင့်ကလေးကို ကာကွယ်ဆေးထိုးတဲ့အချိန်မှာ ဆရာဝန်နဲ့ ကလေးငယ်ကို တိုက်ကျွေးသင့်တဲ့ အစားအစာနဲ့ နို့ရည်ပမာဏကို တိုင်ပင်ရပါမယ်။ Enemas တွေကို အသုံးပြုဖို့မတိုက်တွန်းပါဘူး။ အကယ်၍ ဝမ်းချူပ်တဲ့ လက္ခဏာဖြစ်လာခဲ့တယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီးတော့ Enema မသောက်သုံးသင့်ပါဘူး။ အရေးအကြီးဆုံးနဲ့ အဓိကအချက်ကတော့ သင့်ကလေးရဲ့ ဝမ်းသွားပုံအမူအကျင့်တွေကို လေ့လာရမှာဖြစ်ပါတယ်။

Samitivej ဆေးရုံမှာဆိုရင် ကလေးငယ်တွေအတွက် သီးသန့်ပြုလုပ်ထားတဲ့ အိမ်သာထိုင်ခုံတွေနဲ့ အိမ်သာ ဘယ်လိုသွားရမလဲဆိုတာတွေကို လေ့ကျင့်ပေးတဲ့အစီအစဉ်များရှိသည့်အပြင် Balloon Exercise နဲ့ Breathing Exercise လို့ခေါ်တဲ့ Therapeutic လေ့ကျင့်ခန်းတွေပါရှိပါသေးတယ်။ ဝမ်းချူပ်ခြင်းကို ခံစားနေရတဲ့ ကလေးငယ်တွေရဲ့ မိဘများအနေနဲ့ အကောင်းဆုံးသော ကျန်းမာရေးစောင့်ရှောက်မှုတွေပေးစွမ်းနိုင်ဖို့အတွက် ကျွန်ပ်တို့ရဲ့ ဆရာဝန်များနဲ့ ဆက်သွယ်ဆွေးနွေးပြီး တိုင်ပင်နိုင်ပါတယ်။

 

 

ပိုမိုသိရှိလိုပါကမေးမြန်းနိုင်ပါသည်။

Please complete the form below and we'll get back to you within 48 hours with a response

Rate This Article

User rating: 3.18 out of 5 with 17 ratings

Recommended Doctor

Professor Boosba Vivatvakin, M.D. Summary: Pediatrics Pediatrics